Connect with us

Gangaw ချင်း ခရစ်ယာန်မိသားစုအိမ်ကို ကျောက်ခဲတွေနဲ အိမ်ပတ်ပတ်လည်ကနေ ဝိုင်းပစ်ကြတာပါ ( Video)

ကျောက်ခဲ

Religion

Gangaw ချင်း ခရစ်ယာန်မိသားစုအိမ်ကို ကျောက်ခဲတွေနဲ အိမ်ပတ်ပတ်လည်ကနေ ဝိုင်းပစ်ကြတာပါ ( Video)

 ၁၇.၁၂.၁၈ ည ၈ နာရီဝန်းကျင်လောက်မှာ ပ်ါလယ်ရွာ ခရစ်ယာန်မိသားစုအိမ်ကို အကြမ်းဖက်ခံရတယ်…. တရွာလုံး ဘုန်းကြီးကျောင်းမှာ လူစုပြီးတော့ ကျောက်ခဲတွေနဲ့ တစ်နာရီနီးပါး အိမ်ပတ်ပတ်လည်ကနေ ဝိုင်းပစ်ကြတာပါ….

မနက်ဖြန် ခရစ္စမတ်ပွဲလေး လုပ်ဖို့အတွက် ချက်ပြုတ်ပြင်ဆင်နေကြတဲ့ မိသားစုတွေ ညအိပ်ရင်း အလုပ်လာကူပေးတဲ့ ဂန့်ဂေါက လူငယ်လေးတွေရယ် အားလုံးပေါင်း ၂၀ ကျော်ဝန်းကျင်ခန့်ရှိကြပါတယ်။ ဆူညံနေအောင် သီချင်းတွေဖွင့်ပြီး ချက်ပြုတ်နေကြတာလည်း မဟုတ်ပါဘူး….

ဒါပေမဲ့ အကြံအစည်ရှိနှင့်ပြီးသား ရွာသားတွေက ဘုန်းကြီးကျောင်းမှာ လူစုနေကြပါတယ်။ (ဘုန်းကြီးကိုယ်တိုင်က အလိုတူအလိုပါ ထင်ပါတယ်…ရွာသားတွေက ချင်းတွေများပါတယ် ရွာဥက္ကဌကလည်း ချင်းပါပဲ…ရဒါပေမဲ့ ဗုဒ္ဓဘာသာ တဖက်စွန်းရောက်တွေပါ….)

ခရစ်ယာန်မိသားစုအိမ်ကို မလာခင်မှာ Sound Box တွေနဲ့ သီချင်း အကျယ်ကြီး ဖွင့်ကြပါတယ် (လူတောင်သေနိုင်တဲ့ ကျောက်ခဲကြီးတွေ စုဆောင်းရင်းနဲ့ ပျော်နေကြတာ နေမှာပေါ့) မကြာခင်မှာ သီချင်းဖွင့်တာ ရပ် မီးမှိတ်ပြီး ခဲလုံးကြီးတွေ ကိုယ်စီနဲ့ အိမ်ပတ်ပတ်လည် တစ်နာရီနီးပါး တရစပ် ဝိုင်းပစ်ကြပါတော့တယ်…. (ဘယ်လောက်ကြီးတဲ့ ခဲလုံးတွေလည်းဆိုတာ ပုံကြည့်ရင် သိနိုင်ပါတယ်)

မနက်ဖြန်အတွက် ဆုတောင်းဆပ်ကပ်ဖို့ဆိုပြီး ကျန်တဲ့သူတွေကတော့ (ဘုရားကွယ်ကာမှုကြောင့်) အပေါ်ထပ်မှာ ရောက်နေကြတာပါ…. ဟင်းအိုးစောင့်ရင်း ကျန်ခဲ့တဲ့ နှစ်ယောက်က အိမ်အောက် ဟင်းလင်းပြင်မှာ ကျန်နေခဲ့ကြပါတယ်…. ကျောက်ခဲနဲ့ အထုခံရတဲ့ အချိန်မှာ နှစ်ယောက်လုံး ကြက်အိမ်အောက်လေး ဝင်ပုန်းကြပေမဲ့ တယောက် (ဆရာမြင့်နိုင်)ကတော့ ခေါင်းထိပြီး အရေးပြားကွဲအက်ဒဏ်ရာ ရသွားပါတယ်… (ပုံကြည့်ကြည့်ပါ) …. တယောက်ရင် ရင်ဘတ်ကျောက်ခဲမှန်သွားပါတယ်….

အပေါ်ထပ်က လူတွေထဲက ၄ ယောက် ကျောက်ခဲမှန်ပါတယ်…. အိမ် ခေါင်းမိုး အိမ်အကာတွေကို ပေါက်ပြဲကုန်ပြီး အိမ်ထဲထိပါ အကုန်မှန်တာပါ…. ( အားလုံးအောက်ထပ်မှာသာရှိရင် မတွေးရဲစရာပါ အသက်တောင် ဆုံးရှုံးနိုင်ပါတယ်)ကျောက်ခဲခံနေရတဲ့ကြားက ဂန့်ဂေါက ပါစတာတွေကို ဖုန်းလှမ်းဆက်သွယ်ပြီး အကူအညီတောင်းကြပါတယ်…

ဂန့်ဂေါမြို့မရဲစခန်းကို အကြောင်းကြားကြပြီး ဂန့်ဂေါမြို့မရဲစခန်းက မင်းရွာရဲစခန်းကို ဆက်သွယ်ပေးပြီး လုံခြုံရေးချက်ချင်းသွားရောက်ပေးကြပါတယ်…. (ဒါပေမဲ့ ဇာတ်ကားတွေထဲကလိုပဲ ရွာသားတွေပြန်ပြီးမှ ရောက်နိုင်ကြတော့တာပေါ့)

ခရစ္စမတ်ပွဲဆိုတာ ဘာသာရေးစည်းရုံးပွဲကြီးလည်း မဟုတ်ပါဘူး… ခရစ်တော်မွေးဖွားလာတဲ့ လရာသီမှာ ခရစ်တော် ပျော်ရွှင်စွာ ကြိုဆိုတဲ့ အထိမ်းအမှတ်ပွဲလေးပါ…. ဒီလို လုံးဝ အကြမ်းမဖက်သင့်ပါ…..

ဒီကိစ္စတွေ မတိုင်ခင်…..ရွာမှာ ခရစ်ယာန်မရှိရဘူးဆိုပြီး ခရစ်ယာန်မိသားစု ၄ စု ကို ရွာလယ်ရေတွင်းကိုလည်း လာမခပ်နဲ့ဆိုပြီး ရေလည်း မခပ်ခိုင်းတော့ပါဘူး…ဈေးဝယ်ရင်လည်း နင်တို့ကိုတော့ မရောင်းနိုင်ဘူး ဆိုပြီး အရောင်းအဝယ်မလုပ်ပါဘူး…. စာသင်တဲ့ကလေးတွေကိုလည်း နင်တို့နဲ့အတူစာမသင်ချင်ဘူးဆိုပြီး သူငယ်ချင်းတွေ ဝိုင်းပယ်တာ ခံရပါတယ်…. ရွာက သာရေးနာရေး လည်း လုံးဝ အသွားအလာ မလုပ်ရဘူး မဖိတ်ဘူး မလာနဲ့ မလာဘူး ဆိုပြီး တရွာလုံး ဝိုင်းပယ်တာ ခံရပါတယ်…..

ကျမ မနေ့ည က ပေါ်လယ်ရွာကို ရောက်သွားတော့ ဆိုင်ကယ်အကျိုးအပဲ့တွေ သွေးထွက်သံယိုတွေ ကို မြင်ပြီး စိတ်ထိခိုက်လွန်းလို့ ငိုမိပါတယ်….( ဘုရားနာမတော်ကြောင့်သာ စိတ်ထိန်းနိုင်ခဲ့တာပါ လူ့ဇာတိစိတ်အရသာဆို ကိုယ့်တဆွေလုံးတမျိုးလုံးတရွာလုံး ခေါ်ပြီး ပြန်ထုရိုက်ပစ်ချင်တာပါ…. ဒါပေမဲ့ စိတ်ထိန်းနိုင်ခဲ့ပါတယ်…)

ကျမတို့ လိုချင်တာ တရားမျှတမှုပါ….ခံရတဲ့သူတွေ ခံစားရတဲ့ ကြောက်ရွံ့မှု နာကျင်ကြေကွဲမှုတွေအတွက် ဘာနဲ့ ပြန်နှစ်သိမ့်ပေးနိုင်ကြမလဲ….. ယုံကြည်သူ ညီအစ်ကိုမောင်နှမများ ဆုတောင်းချင်းနဲ့ ကူညီပေးကြပါ ……

Now we need is only Justice !

#Elizabeth

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Religion

Facebook

Rel Bikmi

To Top